အခန်း(၂)
(၂) (က) ကရင့်အမျိုးသားအလံတော်ရှိအရောင်များ၏ အဓိပ္ပာယ်မှာ-
(၁) အနီရောင်၏အဓိပ္ပာယ်မှာ- ရဲရင့်ခြင်း၊ သွေးကဲ့သို့ ရဲရဲတောက် သတ္တိ ဗျတ္တိနှင့် အားအင်အပြည့်ရှိခြင်း။
(၂) အဖြူရောင်၏အဓိပ္ပာယ်မှာ- ဖြူစင်သန့်ရှင်းခြင်း၊ စိတ်ထားဖြူစင် ကောင်းမွန်ခြင်း။
(၃) အပြာရောင်၏အဓိပ္ပာယ်မှာ- ဖြောင့်မတ်မှန်ကန်ခြင်း၊ ခေါင်းဆောင် နှင့် တိုင်းပြည်အပေါ်သစ္စာရှိခြင်း။
(၂) (ခ) နေရောင်ဖြာထွက်ခြင်းအဓိပ္ပာယ်
(၁) နေရာင်ဖြာထွက်သည့် အလျား (Length) လိုက် စုစုပေါင်း အကျယ် အဝန်းမှာ အလံတော်၏ အလျား ၃ ပုံ ၁ပုံ- ၃ပေ (၃၆ လက်မ)ရှိပြီး အလံတော်၏ လက်ဝဲဘက်တွင် ရှိသည်။
(၂) နေရောင်ဖြာထွက်သည့် အနံ (Breadth) စုစုပေါင်းအကျယ်အဝန်းမှာ ၂ ½ပေ (၃၀ လက်မ)ရှိပြီး အလံတော်၏ အနံတစ်ဝက်တိတိရှိသည်။
(၃) နေရောင်ဖြာထွက်သည့်အလျား (Length) ၃ပုံ ၁ပုံ တိတိ ရှိသော ကြောင့် တစ်ပုံလျင် ၁ပေ (၁၂- လက်မ) စီရှိမည်ဖြစ်သည်။ နေဝန်းမှာ အလယ်တွင်ရှိပြီး (Diameter) အချင်း ၁၂ လက်မ ဖြစ်၍ နေဝန်း၏တစ်ဝက် အချင်းဝက် (Radius) ၆လက်မ ရှိသည်။
(၄) နေရောင်ထွက်သည့် အလယ်တည့်တည့်မှစပြီး ဖြာထွက်သည့်အရှည် မှာ ၂ပေခွဲ (၃၀လက်မ)တိတိ ရှိသည်။ အလယ်တည့်တည့်တွင်ရှိသော နေရောင်ခြည်၏အရှည်မှာ ၂ပေ (၂၄လက်မ) ရှိသည်။ နေရောင်ဖြာ ၂၄ လက်မကို ၃ပိုင်း အညီအမျှ အချိုးချ၍ ဖားစည်မှာ ၈ လက်မ ရှိသည်။ နေရောင်ဖြာထွက်သည့် ၂ခုပေါင်း အရှည်သည် ၂၂ ½ လက်မ ရှိသည်။ ကရင့်အမျိုးသားအလံတော် အပြည့်အစုံကို ဗဟို ဌာနချုပ်တွင် လွှင့်ထူနိုင်ပြီး၊ အလံတော် ၂/၃ ဆိုဒ်ကို ခရိုင်အဆင့်၊ အလံတော် ၁/၂ဆိုဒ်ကို မြို့နယ်အဆင့်တွင် လွှင့်ထူနိုင်သည်။