အခန်း(၄)
(၄) ကရင့်အမျိုးသားအလံတော်ပေါ်ရှိ ဖားစည် ကရင့်အမျိုးသားအလံတော်ပေါ်ရှိ ဖားစည်အကြောင်း အဓိပ္ပာယ် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ကရင့်ဖားစည်ကို တစ်ဖက် မြင်ရသော အနေအထားတွင်သာ မြင်တွေ့နိုင်၍- (၁) ဖားစည်မျက်နှာပြင် အရှည်အနား ၂ ဖက် အကျယ်အဝန်းသည် (၁၂) လက်မ ရှိသည်။
(၂) ဖားစည်မျက်နှာပြင် အကျဉ်းအနား ၂ ဖက် အကျယ်အဝန်းသည် (၆) လက်မ ရှိသည်။
(၃) ဖားစည်ဘေးမျက်နှာပြင်အကျယ်မှ နောက်ဆုံးအထိ (၆)လက်မ ရှိ သည်။
(၄) ဖားစည်၏ ခါးအရှည် (၈) လက်မ။
(၅) ဖားများမှာ လက်ယာဘက်မှ လက်ဝဲသို့ ဖားစည်မျက်နှာပြင်ပေါ်တွင် ပတ်ထားကြသည်။ ဖားစည်မှာ လှပတင့်တယ်စေရန် ထည့်သွင်းထား ခြင်း ဖြစ်သည်။
ဖားစည်မှာ ယနေ့အထိ ကရင်အမျိုးသားတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခု ဖြစ်ပြီး အသုံးပြုရာတွင်လည်း အချိန်အခါပေါ်မူတည်၍ အဓိပ္ပာယ်အမျိုးမျိုး ရှိ သည်။ ဖားစည်မှာ အမျိုးမျိုးရှိပြီး အဓိကအားဖြင့် ပျော်ပွဲရွှင်ပွဲများတွင် သုံးလေ့ ရှိသည်ကိုတွေ့ရသည်။
စစ်တိုက်ထွက်သည့်အခါတွင်လည်း အသုံးပြုလေ့ရှိပြီး ဖားစည်ကို အသုံးပြုခြင်းသည် ကရင် တစ်မျိုးသားလုံးနှင့်ဆိုင်သော အကြောင်းအရာဟု သိမှတ်နိုင်သည်။
တတ်သိပညာရှင်များ၏ စကားအရ ရွှေစများဖြင့် ပြုလုပ်ရသော ကြောင့် အရောင်မှာ ကြေးဝါရောင် ဖြစ်သည်။ ထို့ကြောင့် ကရင့်အမျိုးသား ဖားစည်ကို ကြေးဝါဖြင့်ပြုလုပ်လျင် အသင့်တော်ဆုံး ဖြစ်သည်။ အဖြူရောင် ဖားစည်ကို လုပ်ဆောင်ရာတွင်လည်း ဖားစည်၏ ဘေးပတ်လည်တွင် လှပစွာ ပေါ်လွင်စေရန် သွန်းလုပ်ကြသည်။