အခန်း(၅)
(၅) ကရင့်အမျိုးသားအလံတော် အသုံးပြုရန်အတွက် စည်းကမ်းချက်များ (က) အလံတော်အသုံးပြုခြင်းအကြောင်း
ကျွန်ုပ်တို့သည် လွတ်လပ်သောလူမျိုးတစ်မျိုး၏ အထိမ်းအမှတ်အဖြစ် ကရင့်အမျိုးသားအလံတော်အား လွှင့်ထူရာတွင်လည်းကောင်း၊ ချိတ်ဆွဲရာ တွင်လည်းကောင်း အသုံးပြုနိုင်သည်။ ပစ္စည်းများ ထုပ်ပိုးရာတွင်လည်းကောင်း၊ လိုက်ကာများအဖြစ် အသုံးပြုခြင်းငှာလည်းကောင်း အသုံး မပြုသင့်ပါ။ အမျိုး သား အလံတော်ပေါ်တွင်လည်း စာလုံးများရေးခြင်း၊ ပုံများဆွဲခြင်း၊ ညစ်ပေ အောင်ပြုလုပ်ခြင်း မပြုလုပ်ရပါ။ အစဉ်အလာအရ အပြင်ဘက်တွင် မိုးလေဝသ အခြေအနေကောင်းချိန်ဖြစ်သည့် နံနက် စောစောအချိန်မှ နေဝင်ချိန်အထိ လွှင့် ထူလေ့ရှိသည်။ နေ့ထူးနေ့မြတ် အစီအစဉ်များဖြစ်သည့် အမျိုးသားပွဲတော်များ တွင် ညဘက်အချိန်များတွင်ပါ အသုံးပြုနိုင်ပါသည်။
မိုးလေဝသ အခြေအနေကောင်းသည့် နေ့များတွင်လည်းကောင်း၊ အများပြည်သူရုံးပိတ်ရက် အခါကြီးရက်ကြီးများတွင်လည်းကောင်း၊ ခေါင်း ဆောင်များ၏ စီစဉ်မှုအရ အသံလွှင့်သည့်အချိန်တွင်လည်းကောင်း တစ်နေ့လုံး လွှင့်ထူနိုင်သည်။ ကရင့်အမျိုးသားအလံတော်ကို အစိုးရရုံးများတွင်လည်း ကောင်း၊ စာသင်ကျောင်းများ၏ ရှေ့တွင်လည်းကောင်း၊ သတ်မှတ်ထားသော နေ့ထူးနေ့မြတ်များတွင်လည်းကောင်း လွှင့်ထူနိုင်သည်။ ကရင့်အမျိုးသား အလံတော်ကို လွှင့်တင်ရာတွင်လည်းကောင်း၊ ဖြုတ်ချရာတွင်လည်းကောင်း အစီအစဉ်ဖြင့် လေးစားစွာပြုလုပ်ရမည်။ ကရင့်အမျိုးသား အလံတော်ကို မြေပေါ်သို့ ခခြင်း၊ ရေတွင်မျှောခြင်း၊ တွန့်ခေါက်စေခြင်း မပြုလုပ်ရပါ။ စစ်ဘက် ဆိုင်ရာများ၌ လွှင့်ထူရာတွင်လည်းကောင်း၊ ဖြုတ်ချရာတွင်လည်းကောင်း အထူးအစီစဉ်ဖြင့် ပြုလုပ်ရသည်။
(ခ) ကရင့်အမျိုးသားအလံတော် အသုံးပြုခြင်း
(၁) ကရင့်အမျိုးသားအလံတော်ကို လွှင့်ထူရာတွင် အလံတော်၏ နေ ထွက်ရာ အမှတ်အသားနှင့် ဖားစည်ရှိရာ အမှတ်အသားကို အပေါ် ဘက်တွင် အမြဲတမ်းထားရှိရမည်။ ကရင့်အမျိုးသားအလံတော်ကို ခေါင်းပေါင်းခြင်း၊ အစားအစာထုပ်ပိုးခြင်း၊ ကားနောက်ဘက်တွင် ချိတ်ဆွဲခြင်း၊ ကားဘေးနားတွင် ချိတ်ဆွဲခြင်း မပြုလုပ်ရပါ။ ကရင့် အမျိုးသား အလံတော်ပေါ်တွင် စာလုံးများရေးသားခြင်း၊ ညစ်ပေစေ ခြင်းများ မပြုလုပ်ရပါ။ ကားပေါ်တွင် အသုံးပြုလိုပါက ပုံတွင်ပြထား သည့်အတိုင်း စိုက်ထူရမည်။ ကရင့်အမျိုးသားအလံတော်အား ပြောင်းပြန်(ဇောက်ထိုး) လွှင့်ထူခြင်းအား မလုပ်ဆောင်ရပါ။ အကယ် ၍ လုပ်ဆောင်လိုပါက ထိုအချိန်သည် ကြီးမားသောဝမ်းနည်းစရာ ဖြစ်နေချိန်၊ ကြောက်မက်ဖွယ်ရာအဖြစ်ဆိုး ကျရောက်နေချိန်၊ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် အကူအညီ လိုအပ်ချိန်တွင် မှသာ အလံတော်အား ပြောင်းပြန်(ဇောက်ထိုး)ထား လွှင့်တင်၍ ကယ်တင်ရန် (SOS) အဓိပ္ပာယ် Save Our အနေဖြင့် သတင်း ပေး အကြောင်းကြားရသည်။
(၂) ကရင့်အမျိုးသားအလံတော်အား တစ်ခြားအလံတော်များနှင့် လွှင့်ထူ ရန် လိုအပ်ပါက အလံတော်သည် လက်ယာဘက်တွင်ရှိရမည် ဖြစ် သည်။ အလံတော်အား တခြားအလံများနှင့်အတူ ချီတက်ရမည် ဆိုပါက ကရင့်အမျိုးသားအလံမှာ အရှေ့ဆုံးတွင် ရှိရမည်ဖြစ်ပြီး ကိုင်ဆောင်သူ၏ ယာဘက်လက်တွင် ရှိရမည်။
(၃) အလံတော်အား တခြားအလံနှင့်တိုင်ကဲ့သို့ စိုက်ထူမည်ဆိုပါက ကရင့် အမျိုးသားအလံတော်မှာ အရှေ့ဘက်၊ လက်ယာဘက်တွင် ရှိရမည် ဖြစ်ပြီး ကြည့်ရှုသူဘက်၏ လက်ဝဲဘက်တွင် ရှိရမည်ဖြစ်သည်။ ကရင့် အမျိုးသားအလံတော် ၂ ခု လွှင့်ထူခြင်း မပြုလုပ်ရပါ။
(၄) ကရင့်အမျိုးသားအလံတော်အား ခရိုင်အလံ၊ မြို့နယ်အလံများ သာ မက တစ်ခြားအဖွဲ့အလံများနှင့်အတူ လွှင့်ထူရမည်ဆိုပါက ကရင့် အမျိုးသားအလံတော်ကို အလယ်တည့်တည့်တွင် စိုက်ထူရမည်ဖြစ် ပြီး တစ်ခြားအလံများထက် ပို၍မြင့်အောင် ထားရှိရမည် ဖြစ်သည်။
(၅) ကရင့်အမျိုးသားအလံတော်အား ခရိုင်အလံ၊ မြို့နယ်အလံများကို တိုင်တစ်တိုင်တည်းတွင် စိုက်ထူရမည်ဆိုပါက ကရင့်အမျိုးသား အလံ တော်ကို အပေါ်ဆုံးတွင်ထားရှိရမည်ဖြစ်သည်။ တိုင်တစ်တိုင်ပေါ် တွင် နိုင်ငံတော်အလံ ၂ ခု ကို တစ်ပြိုင်တည်း စိုက်ထူခြင်း မပြုလုပ် ရပါ။
(၆) တစ်ခြားနိုင်ငံတော်အလံများနှင့် လွှင့်ထူရန် လိုအပ်ပါက အလံတိုင်း တူညီသော အရွယ်အစား အမြင့်ပေ တူညီရမည် ဖြစ်ပြီး တစ်တိုင် ချင်းစီ စိုက်ထူရန် လိုအပ်သည်။ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ အရ နိုင်ငံတစ်နိုင်ငံ၏အလံတော်သည် တစ်ခြားသော နိုင်ငံ တစ်နိုင်ငံ ၏ အလံထက်မြင့်ရမည်ဟု သတ်မှတ်ထားခြင်း မရှိသကဲ့သို့ အားလုံး တူညီစွာ လွှင့်ထူရန် လိုအပ်သည်။
(၇) ကရင့်အမျိုးသားအလံတော်အား ပြတင်းပေါက်နားတွင် ချိတ်ဆွဲ၍ ဖြစ်စေ၊ ပြတင်းပေါက် တိုင်နားတွင်ဖြစ်စေ လွှင့်ထူလိုပါက နေရောင် ဖြာထွက်ရာနှင့် ဖားစည်ရှိရာဘက်ကို တိုင်နားတွင်ထား၍ ချိတ်ဆွဲ ရမည်။
(၈) ကရင့်အမျိုးသားအလံတော်အား ချိတ်ဆွဲခြင်းမဟုတ်ပဲ နံရံတွင် ကပ် ထားလိုပါက နေရောင်ဖြာထွက်ရာနှင့် ဖားစည်ရှိရာဘက်သည် အပေါ်ဘက်တွင်ရှိရမည်ဖြစ်ပြီး၊ ကြည့်ရှုသူ၏ လက်ဝဲဘက်တွင် ရှိရ မည်။ အလံတော်သည် ဖြန့်ကျက်လျက် အနေအထား တိုင်ပေါ်တွင် လွှင့်ထူသကဲ့သို့ လွတ်လပ်စွာ တည်ရှိရမည်။
(၉) ကရင့်အမျိုးသားအလံတော်အား အရှေ့အနောက်တည်ရှိသော လမ်းပေါ်တွင် ဖြတ်၍ ချိတ်ဆွဲမည်ဆိုပါက နေရောင်ဖြာထွက်ရာနှင့် ဖားစည်ရှိရာဘက်ကို မြောက်အရပ်တွင် ထားရမည်။ တောင်နှင့် မြောက် တည်ရှိသော လမ်းပေါ်တွင်ဖြတ်၍ ချိတ်ဆွဲမည်ဆိုပါက နေရောင် ဖြာထွက်ရာနှင့် ဖားစည်ရှိရာဘက်ကို အရှေ့ဘက်တွင် ထားရမည်။
(၁၀) ကရင့်အမျိုးသားအလံတော်အား ပလ္လင်ပေါ်တွင် အသုံးပြုမည်ဆိုပါ က စကားပြောမည့်သူ၏အနောက်ဘက် အပေါ်ဘက် နံရံပေါ်တွင် ချိတ်ဆွဲရမည်။ တိုင်ထောင်၍ချိတ်ဆွဲရမည် ဆိုပါက စကားပြောသူ၏ လက်ယာဘက်တွင် ထားရှိရမည်ဖြစ်ပြီး တစ်ခြားအလံများနှင့် စိုက် ထူရမည်ဆိုပါက အခြားအလံများမှာ လက်ဝဲဘက်တွင်ထားရှိရမည်။
(၁၁) ကရင့်အမျိုးသားအလံတော်အား အစည်းအဝေးတွင်လည်းကောင်း၊ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း၊ ပလ္လင်ပေါ်တွင်လည်းကောင်း၊ စိုက်ထူရမည်ဆိုပါက အစည်းအဝေးတက် ရောက်သူများ၏ အရှေ့ဘက်တွင် လည်းကောင်း၊ ဘုရားရှိခိုးတက်ရောက်သူများ၏ အရှေ့ လက်ယာဘက်တွင် ထားရှိရမည်။ တစ်ခြားအလံများနှင့် စိုက်ထူမည် ဆိုပါက အခြားအလံများမှာ လက်ဝဲဘက်တွင် ထားရှိရမည်။
(၁၂) အောက်မေ့ဖွယ်အခမ်းအနား (Memorial Day) များတွင် ကရင့် အမျိုး သား အလံတော် တစ်ဝက်စိုက်ထူခြင်းအား မွန်းတည့်အချိန်အထိ လွှင့်ထူရမည်ဖြစ်ပြီး မွန်းတည့်အချိန်ပြီးနောက်ပိုင်းမှစ၍ အလံတိုင် ထိပ်သို့ ပြန်လည်လွှင့်တင်ရပြီး နေဝင်သည်အထိ စိုက်ထူရမည်။ အလံ တစ်ဝက်စိုက်ထူခြင်း၏ အဓိပ္ပာယ်မှာ ကရင်အမျိုးသားများအတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်များအား ဂုဏ်ပြုအလေးပြု ခြင်း ဖြစ်ပြီး၊ အလံတိုင်ထိပ်သို့ ပြန်လည် လွှင့်တင်ခြင်း၏ အဓိပ္ပာယ် မှာ လူမျိုးတစ်မျိုး ဆက်လက် အသက်ရှင်တည်ရှိနေခြင်းကို ဆိုလို သည်။
(၁၃) အမျိုးသားအလံတော် တစ်ဝက်လွှင့်ထူခြင်းသည် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ပုံဆောင်ခြင်းဖြစ်သည်။ ပထမဦးဆုံး အလံတော်ကို ထိပ်ဆုံးအထိ လွှင့်ထူရမည် ဖြစ်ပြီး နောက်မှသာ အလယ်တစ်ဝက်သို့ လွှင့်ထူရမည် ဖြစ်သည်။ နေဝင်ချိန်တွင် အလံတော်အား ဖြုတ်သိမ်း ရာ၌ အလယ်တစ်ဝက်ခန့် လွှင့်ထူထားသော အလံတော်အား ထိပ် ဆုံးသို့ ပြန်လည်လွှင့်ထူပြီးမှသာ ဖြုတ်သိမ်းရမည်။
(၁၄) ကရင့်အမျိုးသားအလံတော်အား ဈာပန အခေါင်းတလားတွင် ဖုံး၍ အသုံးပြုလိုပါက နေရောင်ဖြာထွက်ရာနှင့် ဖားစည်ရှိရာဘက်သည် လူသေ အခေါင်း၏ ဦးခေါင်းပိုင်းတွင် ရှိရမည်ဖြစ်ပြီး လူသေခေါင်း၏ ဘယ်ဘက်တွင် ရှိရမည်။ အမျိုးသားအလံတော်အား တွင်းထဲသို့ မချ ရပါ။ အမျိုးသားအလံတော်အား ဇာအဖြစ် ဖုံးအုပ်ရန်သာ အသုံးပြု ရမည်။
(၁၅) ကရင့်အမျိုးသားအလံတော်အား ဗျည်းမှတ်ကျောက်တိုင်များ ဖွင့်လှစ်ရန်အတွက် ဖုံးအုပ်ရာတွင်လည်းကောင်း၊ ထွင်းရာတွင် လည်းကောင်း၊ ဖုံးအုပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။ သို့သော်လည်း ပစ္စည်းများ ဖုံးအုပ်ရာတွင် အသုံးမပြုချေ။
(၁၆) ကရင့်အမျိုးသားအလံတော်အား ပြုပြင်ချုပ်လုပ်ခြင်း မလုပ်ရပါ။ ဟောင်းနွမ်းသွားသဖြင့် အရောင်များ မလှပတော့သဖြင့် အသုံးမပြု လိုတော့ပါက ပစ်စလတ်ခတ် မစွန့်ပစ်သင့်ပါ။ ရိုသေလေးစားစွာဖြင့် သိမ်မွေ့စွာ ဖျက်ဆီးစွန့်ပစ်သင့်ပါသည်။ အကောင်းဆုံးမှာ လေးစား သိမ်မွေ့စွာဖြင့် မီးရှို့ဖျက်ဆီးရမည်။